How To Order

How To Order(အိတ်လေးတွေဘယ်လိုမှာရမလဲ)

Facebook

Facebook QR

KOO

TikTok

TikTok QR

@staywithkoo.mm


အိတ်လေးတွေမှာယူလိုပါက Facebook messenger Chat box (သို့မဟုတ်) TikTok Chat box (သို့မဟုတ်) Viber 09442465806 တွင် မှာယူလိုသည့် အိတ်ပုံလေးနဲ့ sizeလေးရယ် Name - Ph no - Address - Township အပြည့်အစုံလေးကို ပို့ထားပေးရင် confirm ဖြစ်ပါတယ်ရှင့်🫶🏻💕

How To Measure Laptop (Laptop အလျား၊အနံ တိုင်းနည်း)

🎀 Laptop အိတ်လေးဝယ်တော့မယ်ဆို ဘယ်လိုတိုင်းကြမလဲ?🎀

"မင်မင်ရေ... အိတ်ဆိုဒ်လေး သိချင်လို့ပါ" ဆိုတဲ့ ချစ်ရတဲ့ customer လေးတို့အတွက် အိတ်လေးတွေ ကွက်တိဖြစ်စေဖို့ ဒီ post လေးကို သေချာဖတ်ပေးနော်။ အတိုင်းမှားရင် အိတ်က ချောင်တာ ဒါမှမဟုတ် ကျပ်တာမျိုး ဖြစ်တတ်လို့ပါရှင့်။ ✨

💻 MacBook သုံးတဲ့သူလေးတွေဆိုရင် - Model name နဲ့ Screen Inches (ဥပမာ - MacBook Air 13" M2) လေးပြောပေးရင်တင် ရပါပြီရှင်။ MacBook တွေက ဆိုဒ်သတ်မှတ်ချက် အတူတူပဲမို့ မင်မင်တို့sizeရွေးပေးလို့ရပါတယ်! ☁️ 💻 Other Laptops (HP, Dell, ASUS, etc.) သုံးတဲ့သူလေးတွေဆိုရင် - Laptop အမျိုးအစားတွေက တစ်ခုနဲ့တစ်ခု Body size မတူတတ်လို့ "အလျား နဲ့ အနံ"ကို ပေတံလေးနဲ့ သေချာတိုင်းပေးဖို့ လိုပါတယ်ရှင်

📏 မှန်ကန်စွာ တိုင်းတာနည်း (အရမ်းအရေးကြီးတယ်နော်)
အလျား (Length):Laptop ကို ပိတ်ထားပြီး ဘယ်ဘက်အစကနေ ညာဘက်အစအထိ (အလျားလိုက်) အဖြောင့်အတိုင်း တိုင်းပေးပါ။ အနံ (Width):အပေါ်အစကနေ အောက်ခြေအထိ အနံကို တိုင်းပေးပါ မသေချာရင် ပုံမှာလို ပေတံတင်ပြီး ဓာတ်ပုံရိုက်ပို့ပေးလို့ရပါတယ် 💕
⚠️ သတိပြုရန်:Screen inches (ထောင့်ဖြတ်တိုင်းတာ) ကို မပြောဘဲ ပေတံနဲ့တိုင်းတဲ့ အလျား/အနံ ကိုပဲ Inches နဲ့ ပြောပေးပါနော်။ (ဥပမာ- ၁၄ လက်မ Screen ရှိပေမဲ့ အပြင်က တိုင်းရင် ၁၃ လက်မခွဲပဲ ရှိတာမျိုး ဖြစ်တတ်လို့ပါ)

မသေချာရင် ပုံမှာလို ပေတံတင်ပြီး ဓာတ်ပုံရိုက်ပို့ပေးလို့ရပါတယ် တိုင်းရတာ ရှုပ်နေလို့ မသေချာဘူး" ဆိုရင်လည်း Laptop ပေါ်မှာ ပေတံလေးတင်ပြီး ဓာတ်ပုံရိုက်ပို့ပေးလို့ ရပါတယ်ရှင်။ မင်မင်က အိတ်ဆိုဒ် ကွက်တိလေးတွေ ရွေးပေးပါ့မယ် 💕

ကိုယ့် Laptop လေးနဲ့ အလိုက်ဖက်ဆုံး အိတ်လေးတွေ ရဖို့ အခုပဲ အလျား/အနံလေး တိုင်းကြည့်လိုက်ရအောင်နော်🫶🏻✨